မနက်က
အိပ်ယာနိုးနိုးချင်း ဖေ့ဘွတ်ဝင်ကြည့်တော့ ဟာသတစ်ခုတွေ့လိုက်ရတယ်။ အဲ့ဒီဟာသမှာ ကျောင်းဆရာမက
သူ့တပည့်လေးတွေကို မေးတယ်။
ရှမ်းပြည်တောင်ပိုင်းရဲ့ မြို့ တော်က ဘာလဲ
ဆိုတော့ တပည့်တွေက တောင်ကြီးပါ လို့ဖြေကြတယ်။
ဒါဆို ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့ တော်ကရောဆိုတော့
တပည့်တွေက မြောက်ကြီးပါလို့ ပြန်ဖြေကြတယ်။
အဲ့ဒီဟာသကိုဖတ်ပြီး
စောစောစီးစီး ဦးနှောက်ကြည်ကြည်လင်လင် ဖြစ်သွားတယ်။ တော်တော်လည်း ဟာသဥာဏ်ရွှင်တဲ့လူပဲလို့
တွေးရင်း ချီးကျူးမိတယ်။ သူဖန်တီးလိုက်တဲ့ ဟာသက လူတစ်ယောက်ကို ချက်ချင်းပြုံးစေတယ်။
တောင်ပိုင်းရဲ့ မြို့ ကတောင်ကြီးဆို မြောက်ပိုင်းမြို့ က မြောက်ကြီးပေါ့။ ကလေးတွေရဲ
့ ရိုးရိုးသားသားတွေးတတ်ပုံကို ဟာသအဖြစ် ဖန်တီးပြလိုက်ခြင်းပဲလို့ ယူဆမိတယ်။
ဒါနဲ့ဆက်စပ်ပြီး
ဟိုတုန်းက ကျောင်းဆရာတစ်ယောက် ကလေးတွေကို စာမေးတာသွားသတိရမိတယ်။ ကျောင်းဆရာက သားတို့သမီးတို့ရေ…ဆရာတို့
မြန်မာပြည်ကြီးရဲ့  အသက်သွေးကြော မြစ်ကြီးဟာ ဘာရာဝတီမြစ်ကြီးလဲ လို့မေးတော့ ကလေးတွေက
အားရပါးရပဲ အော်ကြတယ်။ ဧရာဝတီမြစ်ကြီးပါဆရာတဲ့။
ကျောင်းဆရာကဆက်မေးတယ်။
ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့မင်းဟာ ဘာရထာမင်းကြီးလဲ လို့မေးတော့ ကလေးတွေကလည်း
အားရပါးရပဲ ထပ်ဖြေကြတယ်။ အနော်ရထာမင်းကြီးပါဆရာတဲ့။
ဘယ်လောက်သင်ယူချင်စရာ
ဖြေချင်စရာကောင်းလိုက်တဲ့ သင်ကြားပုံနဲ့ စာမေးပုံလည်း ဆိုတာ ကြားရရုံနဲ့ သြောချရလောက်တယ်။
ဘာရာဝတီလဲတဲ့။ ဘာရထာမင်းကြီးလဲတဲ့။ တယ်လည်း မေးခွန်းထုတ်တော်တဲ့ ဆရာပါပဲ။
အဲ့ဒီအဖြစ်အပျက်ကိုကြည့်ပြီး
ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကြားက သင်ကြားရေးနည်းဗျူဟာကို လေးစားရမှာလား
အံ့သြရမှာလား။ ချီးကျူးရမှာလား။ ဘာပဲပြောပြော သင်ယူကြတဲ့ ကလေးတွေ သူတို့ဆရာသင်ပေးတဲ့အတိုင်း
နားထဲ အလွယ်တကူ ရောက်ရှိသွားကြမယ်ဆိုရင် ပြီးတာပါပဲ။
ထပ်ပြီး
ဆက်စပ်တွေးမိလို့ ပေါ်လာတဲ့ ဟာသတစ်ခုရှိပါသေးတယ်။ အငြိမ့်ခန်းတွေမှာ ပြက်လေ့ရှိတဲ့ဟာသပါ။
အတန်းထဲမှာ ဆရာမက ကျောင်းသားတွေကို စာသင်ပေးပါတယ်။ ကလေးတွေ မှတ်ရလွယ်အောင် လွယ်တဲ့စာလုံးလေးတွေ
အရင်သင်ပေးပါတယ်။ ဝလုံးတို့ ထဆင်ထူးတို့၊ ဂငယ်ရယ် င ရယ် ပ စောက်ရယ်၊ အဲ့လို လွယ်တာတွေသင်ရင်း
ဆရာမကမေးတယ်။
ဂငယ်အပေါက် ဘယ်ဘယ်လှည့်သလဲဆိုတော့ ကလေးတွေက အောက်ကိုလှည့်ပါတယ်ဆရာမပေါ့။
ဒါနဲ့ ဆရာမကလည်း ငအပေါက် ဘယ်ဘက်လှည့်သလဲလို့မေးလိုက်တော့ ကလေးတွေက ရယ်ကြတယ်။
ရုတ်တရက်မဖြေရဲကြဘူး။
ပြီးမှ တစ်ယောက်ကအရှေ့လို့ပြော၊ တစ်ယောက်ကအောက်လို့ပြော၊ တစ်ယောက်က အနောက်လို့ပြောနဲ့
တစ်ယောက်တစ်ပေါက်ဖြစ်နေကြတော့တယ်။ တစ်ယောက်တစ်ပေါက်ဆိုတာ အဲ့ဒီကနေ ဆင်းသက်လာတာ ဖြစ်လိမ့်မယ်။
ဒီတော့မှ ဆရာမလည်း သူမေးလိုက်တဲ့ မေးခွန်း သူပြန်စဉ်းစားမိပြီး ပြုံးမိတယ်။
ဆရာ၊
ဆရာမတွေနဲ့ ကလေးတွေကြားက ဟာသလေးတွေကို တွေးမိလို့ပါ။ သင်တတ်ဖို့၊ မေးတတ်ဖို့ အရေးကြီးတယ်ဆိုတာကို
သိထားသင့်ပါတယ်။ ဒါနဲ့ အဲ့ဒီလို ကလေးတွေနဲ့ ဆရာတွေရဲ့  ဟာသကိုတွေးမိရင်း ကျွန်တော်ကိုယ်တိုင်
ဘုန်းကြီးကျောင်းတစ်ခုမှာ ယဉ်ကျေးလိမ္မာသင်တန်းအတွက် စာသင်ပေးခဲ့တုန်းက အဖြစ်လေးကို
ပြန်တွေးမိတယ်။ ဟာသတော့မဟုတ်ဘူး။ ဒါပေမယ့် ပြုံးရလောက်တဲ့ အဖြစ်ပါ။
တစ်နေ့
ကျွန်တော်က ရှေ့မှာ စာရေးပြနေတုန်း ကျွန်တော့်ကို ဆရာဆရာ ဆိုပြီး ကလေးတစ်ယောက်က လှန်းခေါ်တယ်။
ကျွန်တော်က ဘာလဲလို့မေးလိုက်တော့ သူက ကျွန်တော့်ကိုအော်ပြီးပြောတယ်။
ဆရာ…ဒီကောင်
သားစောက်ခွက်ကို ထိုးတယ် တဲ့။
ရုတ်တရက်ကြားလိုက်ရတဲ့
တိုင်ချက်က ကျွန်တော့်ကို ပြုံးရခက် မဲ့ရခက် ဖြစ်သွားတယ်။ အော် ဒါတောင် ယဉ်ကျေးမှုသင်တန်းသင်ပေးနေလို့သာပေါ့။
ကျွန်တော်လည်း တိုင်တဲ့ကောင်ရော…ထိုးတဲ့ကောင်ရော နှစ်ကောင်စလုံးကို ခေါ်ပြီး ဆုံးမရတယ်။
ပြီးတော့ တိုင်တဲ့ ကလေးကို မင်းဘာလို့ စောက်ခွက်လို့သုံးရတာလဲ၊ စောက်ဆိုတဲ့ စကားလုံးက
ရိုင်းတယ်ဆိုတာ မင်းမသိဘူးလားလို့မေးတော့ ကလေးကပြန်ဖြေတယ်။
သားအဖေနဲ့အမေက
အိမ်မှာဆိုအမြဲတမ်း စကားပြောရင် မင်းစောက်ခွက်ကိုမကြည့်ချင်ဘူး၊ ရှင့်စောက်ခွက်ကိုလည်း
မကြည့်ချင်ဘူးနဲ့ အမြဲပြောနေတာကြားရတော့ သားလည်း မျက်နှာကို စောက်ခွက်လို့ပဲထင်မိတာပါဆရာတဲ့။
ကဲ…ကောင်းရော။
ဒီကလေးကို ဘယ်လိုအပြစ်တင်ရမလဲ။ သူ့အပြစ်လား သူ့မိဘတွေရဲ့  အပြောအဆို မဆင်ခြင်မှုအပြစ်လား
စဉ်းစားသာကြည့်။ လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပစရိယ မိနဲ့ဖတဲ့ဗျ။
ကလေးလေးတွေရဲ
့စိတ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ အတွေးအခေါ်အပြုအမူ အပြောအဆို အနေအထိုင်ကအစ
လူမှုဆက်ဆံရေးပိုင်းတွေမှာ အားနည်းချက် အားသာချက်တို့ရဲ့  ခရာဟာ မိဘနဲ့ ဆရာသမားတွေပဲ
ဖြစ်တယ်ဆိုတာ လုံးဝမမေ့သင့်ကြောင်းပါခင်ဗျာ။ ။
အပါ
၂၅-၅-၁၂
No comments:
Post a Comment