“ကိုဌေး”
ကျနော့်အော်သံကြောင့် မနုပြေးထွက်လာသည်။
“ဆရာ…ကိုဌေးနဲ့ရိန်း လက်ဖက်ရည်ဆိုင်သွားကြတယ်”
“အိမ်မှာ စားလို့ရရဲ့ နဲ့ ဘာကိစ္စ လက်ဖက်ရည်ဆိုင်သွားကြရတာတုန်း”
“ဟို…ဟို…ရိန်းက သွားချင်တယ်ဆိုလို့ ကိုဌေးက
လိုက်ပို့တာ”
ကျနော် နာရီကြည့်လိုက်တော့ ၇နာရီခွဲပြီ။
မနုပြင်ဆင်ပေးတဲ့ breakfast ကိုထိုင်စားရင်း သတင်းကြည့်နေမိသည်။
ရိန်းနဲ့ကိုဌေးတို့ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေကြဆဲဖြစ်သည်။
ကိုဌေးက နာရီတကြည့်ကြည့် လုပ်နေတော့ ရိန်းကမေးသည်။
“ဦးဌေး ဘာလို့ နာရီတကြည့်ကြည့် လုပ်နေတာလဲ”
“မင်း ဘိုးတော်နိုးလာလို့ ငါတို့ ၂ကောင်လုံးကိုမတွေ့ရင်
စိတ်ဆိုးနေဦးမယ်”
“ဦးပါက စိတ်မဆိုးတတ်ပါဘူး…ကျနော် ဦးဌေးကို
မေးစရာတစ်ခုရှိလို့ ခေါ်လာတာ”
“ကဲမေး…ဘာမေးချင်တာလဲ…ဦးဌေးသိတာအကုန်ပြောပြမယ်”
“ဦးဌေး ကောင်မလေးတစ်ယောက်ကို နမ်းတော့မယ်ဆိုရင်
ဘယ်နေရာက အကောင်းဆုံးလဲဟင်”
ရိန်းမေးခွန်းကြောင်း ကိုဌေး နဲနဲမဟုတ် များများကြီး
တွန့်သွားသည်။
“ရိန်း…ငါ့ကို ဆင်တက်နင်းမယ့် မေးခွန်းတွေမမေးနဲ့ကွာ”
“ဟာ…ဦးဌေးကလည်း ဒါလေးမေးတာများ ပြောပါ ဘယ်နေရာက
အခရာလဲဟင်”
“အင်း…ငါဖတ်ဖူးတဲ့ ပီမိုနင်းရဲ့  ကာမကျမ်းအရဆိုရင်
မိန်းမတစ်ယောက်ရဲ့ လည်တိုင်မှာ ကာမစိတ်ကို ဖြစ်ပေါ်စေတဲ့ အာရုံကြောတွေ ရှိတယ်လို့ရေးထားတယ်ကွ”
“ဒါဆို လည်တိုင်ကို နမ်းရမှာလား”
“အင်း…ဟုတ်တယ်။ ပြီးတော့ နှုတ်ခမ်း။ နှုတ်ခမ်းချင်း
ထိတွေ့ပြီး နမ်းရှိုက်ခြင်းကလည်း အဲ့ဒီ မိန်းမတစ်ယောက်ကို သိမ်းပိုက်နိုင်လောက်အောင်
အရသာရှိတတ်ကြတယ်တဲ့။ ဒါကြောင့်တစ်ချို့ ဆို ကစ်ဆင်ပေးတယ်ဆိုတာ အဲ့ဒီသဘောတွေ အများကြီးပါတာပေါ့။”
“ကျေးဇူးပဲ ဦးဌေးရာ ကျနော်က အဲ့ဒါတွေ မသိတော့..”
“ဟေ့ကောင်…မင်း ငါ့ကို သက်သက်ရိတာတော့ မဟုတ်ပါဘူးနော်…မင်းလို
နိုင်ငံခြားမှာ နေနေတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက်က အဲ့ဒါမျိုး အတွေ့အကြုံမရှိဘူး ဆိုတာတော့
မဖြစ်နိုင်ဘူး ရိန်း”
“အော်…ဦးဌေးကလည်း အတွေ့ အကြုံ ကတော့ ရှိတာပေါ့။
ဒါပေမယ့် ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ကို စွဲလန်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတော့
တကယ်မသိသေးဘူး”
“အေး။ မင်းကျန်တာတွေ ဆက်သိချင်ရင် မင်း ဦးပါကိုမေး
ဟုတ်ပြီလား အခုတော့ ပြန်ကြစို့”
“အဲ့ဒီလူပျိုကြီးကို မေးလည်း မထူးပါဘူး။
သူတောင် ဒါတွေမသိသေးလို့ အခုထိ မစွံတာမှတ်လား”
သူတို့၂ယောက် ပြန်လာတော့ ၈နာရီခွဲနေပြီ။
“ဦးပါ ဘယ်အချိန်သွားမလဲ…သားရေချိုးလိုက်အုံးမယ်”
“ဒီနေ့ ဦးပါ မိတ်ဆွေတစ်ယောက် မဏ္ဍပ်သွားရမယ်။
မင်းလိုက်ချင်ရင်လိုက်ခဲ့။ မလိုက်ချင်ရင်တော့ ကိုယ့်မဏ္ဍပ်မှာပဲ ကိုယ်နေခဲ့”
“မဏ္ဍပ်မှာပဲ နေခဲ့မယ်လေ…ဦးပါဘယ်အချိန်ပြန်လာမှာလဲ…မဏ္ဍပ်ကို
လာဦးမှာလား”
ရိန်းက ဝမ်းသာသွားသည့် အမူအယာဖြင့် ကျနော့်ကို
မေးသည်။ ကျနော် မရှိလျှင် သူတို့ ပိုပြီး လွတ်လပ်နိုင်လိမ့်မည် ဟုသူထင်သည်။
“ဟေ့ကောင်…ငါမရှိဘူးဆိုပြီး မင်းတို့ သောက်ရမ်းကဲမယ်
မကြံနဲ့နော် ကိုဌေး…ဒီကောင်တွေကို ဒီတိုင်းလွှတ်မထားနဲ့နော်…တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက်
ကြားလား”
ကိုဌေးကို မှာစရာရှိတာ မှာခဲ့ရသည်။ ရိန်းကတော့
ခပ်ပြုံးပြုံးပင်။ သူနဲ့ ကိုဌေးက အပေးအယူ တည့်နေကြတာကိုး။
ကျနော်လည်း ပြင်ဆင်ပြီး မိတ်ဆွေတစ်ယောက်ရဲ
့မဏ္ဍပ်ကို ထွက်လာခဲ့သည်။ ရိန်းတို့လည်း ထွက်သွားကြသည်။
ရိန်းတို့ မဏ္ဍပ်ရောက်တော့ မဏ္ဍပ်မှာ ရေတွေပက်နေကြပြီ။
လူတွေလည်း မြူးနေကြပြီ။ ရိန်းက ရောက်ရောက်ချင်း စန္ဒီ့ ကို ရှာသည်။ စန္ဒီက ရှေ့နားမှာ
ရေပိုက်ကိုင်ရင်း ရေပက်နေသည်။ ရိန်းက အနားကပ်သွားသည်။
“တစ်ရက်ပဲလိုတော့တယ်ကွာ…အချိန်တွေက အရမ်းနှေးနေသလိုပဲ…မနက်ဖြန်
မြန်မြန်ရောက်ချင်ပြီ။”
ရိန်းက စန္ဒီနားကပ်ပြီး ချစ်ခွန်းတွေခြွေနေလေသည်။
“ဒီနေ့ အကြတ်နေ့နော်…စန္ဒီနဲ့ ရန်ကုန်မြို
့ထဲ လျှောက်လည်မလားလို့”
ရိန်းက လမ်းကြောင်းရှာသည်။ စန္ဒီကတော့ အေးအေးဆေးဆေးပင်။
လည်လည်း ရတယ်၊ မလည်လည်းရတယ်ဆိုတဲ့ အမူအယာနဲ့။ ခဏနေတော့ မောင်ဘုန်းတို့ရောက်လာသည်။ လက်ထဲမှာ
ကြက်ကင်တွေကိုင်လာသည်။ ရိန်းနဲ့စန္ဒီ့ ကို တစ်ယောက်တစ်ခုပေးရင်း
“ဦးပါရော…” ဟုမေးသည်။ ထိုအခါ ရိန်းက
“ဦးပါ သူ့သူငယ်ချင်းတစ်ယောက် မဏ္ဍပ်သွားတယ်။
ကိုရိန်း တို့ချည်းပဲ ဒီနေ့ ကားထွက်လည်ကြမလား”
“ကြာသလားလို့ ကိုရိန်း လုပ်လေ”
ဖိုးခန့်က ဝင်ပြီးထောက်ခံလိုက်သည်။ သူတို့ကားထွက်လည်ဖို့
ကိုဌေးကို စည်းရုံးကြသည်။ အများနဲ့တစ်ယောက် ဆိုတော့ ကိုဌေးလည်း ဘာမှ မတတ်နိုင်။ သူတို့နဲ့အတူ
ကားထွက်လည်ရသည်။
သူတို့တွေ မဏ္ဍပ်ပေါ်က ဆင်းကာနီး ပပဝတီနဲ့တွေ့သည်။
ပပဝတီက ကိုဌေးကို လှန်းမေးသည်။
“ဦးရော…ဒီနေ့မတွေ့မိပါလား”
“ဟုတ်တယ် ဆရာသမားဒီနေ့ သူ့မိတ်ဆွေတစ်ယောက်မဏ္ဍပ်သွားတယ်”
“ဘာ…မိတ်ဆွေတစ်ယောက်မဏ္ဍပ်ဟုတ်လား…မဖြစ်နိုင်ဘူး
ကိုဌေး…ရှင့်ဆရာ ရှင်တို့ကို မျက်လှည့်ပြသွားပြီ။ ချိုသာလည်း ဒီနေ့ ရောက်မလာဘူး။ မဟုတ်မှလွဲရော..သူတို့နှစ်ယောက်
အတူတူကိုယ်ယောင် ဖျောက်သွားတာပဲ ဖြစ်ရမယ်”
ပပဝတီစကားဆုံးတော့ ကိုဌေး ဘာပြန်ပြောရမယ်မသိအောင်
ဖြစ်သွားသည်။ ကိုဌေး ပြန်စဉ်းစားကြည့်မိသည်။ မနေ့ညက ဆရာနဲ့ မယ်ချိုသာ ညစာအတူ သွားစားကြသည်။
ဒီနေ့ ၂ယောက်လုံး အတူတူ ပျောက်သွားသည်။ ကိုဌေးတွေးနေတုန်း ကလေးတွေက တကျီကျီ အော်ခေါ်နေ၍
လိုက်သွားရတော့သည်။
ရိန်းတို့ ကားလေးသည် ရန်ကုန်မြို့ အနှံ့ နေရာစုံအောင်
ရောက်သည်။ ပြည်လမ်းပေါ်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့  ဖျော်ဖြေရေးမဏ္ဍပ်တွေဆီလည်းရောက်သည်။
ကမ္ဘာအေးဘုရားလမ်းပေါ်က ကုမ္ပဏီမဏ္ဍပ်တွေဆီလည်း ရောက်သည်။ ဦးချစ်မောင်လမ်း၊ ဆရာစံလမ်း၊
အင်းယားလမ်း၊ တက္ကသိုလ်ရိပ်သာ လမ်းဟောင်းရော လမ်းသစ်ရော၊ ပြီးတော့ ကမ်းနားလမ်း၊ သီလဝါဘက်ကမဏ္ဍပ်တွေနဲ့
ရေကျော်၊လသာ၊ လမ်းမတော်ဘက်က ရေကစားမဏ္ဍပ်တွေဆီရောက်သည်။ မြို့ တော်ဝင် မဏ္ဍပ်မှာ အကြာကြီးတန်းစီနေရလို့
သူတို့ လှည့်ပြန်ပြီး ဘုရင့်နောင်ဘက်သွားကြသည်။ ရေခဲရေနဲ့ ပက်တဲ့ မဏ္ဍပ်ရောက်လျှင် မိန်းကလေးတွေ
ဆင်းပြေးကြသည်။ စန္ဒီကတော့ ရိန်းရှိနေ၍ ဆင်းပြေးစရာမလိုပဲ အိနြေ္ဒရနေသည်။ ခွက်စောင်းလာမလား၊
ရေပုန်းလာမလား ဘာလာလာ ရိန်းရှိနေ၍ စန္ဒီ သိပ်မကြောက်။ ရိန်းက စန္ဒီ့ကို ထွေးပွေ့ထားသည်။
အနောက်ဖက်ကနေ သိုင်းဖက်ထားသည်။ ချစ်သူဖြစ်ဖို့ တာဆူနေဆဲ တစ်ရက်အလို သင်္ကြန်အကြတ်နေ့ရဲ
့ ဖီလ်လင်ကတော့ ရိန်းအတွက် အိပ်မက်လား တကယ်လားလို့ပင် ထင်ရသည်။
အထိအတွေ့တို့သည် လူသားတို့၏ စိတ်ကို ယိုင်နဲ့စေသည်။
ဖိုနဲ့မ အထိအတွေ့များကြောင့် ဓါတ်တွေပြုကုန်ခြင်းကို အချစ်ဖြစ်ပေါ်လာခြင်းဟု ဆိုပါက
မှားမည်မထင်။
သင်္ကြန်သည် သူ့တိုင်ပင်နဲ့သူ ခရီးနှင်နေ၏။
“ဟာ…ဦးပါ…ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
Central Tower ရှေ့မှ ကျနော်နဲ့မယ်ချိုသာ အထွက် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင်
ရိန်းတို့ အလည်ထွက်လာသော သင်္ကြန်ကားနဲ့မှ တည့်တည့်တိုးတော့၏။
“ဦးပါ…ဦးပါပြောတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မဏ္ဍပ်ဆိုတာ
ဒီထဲမှာလား”
ရိန်းက ခပ်တည်တည်နဲ့ ကျနော့်ကို ပြန်ဖဲ့သည်။
ကျနော်လည်း ကလေးတွေရှေ့မို့ ဘာမှ ရှည်ရှည်ဝေးဝေး မပြောလိုတော့ပေ။
“ထမင်းလာစားတာ…မင်းတို့ရော စားပြီးကြပြီလား”
“ဟာ…ဦးပါကလည်း နာရီလည်းကြည့်ဦး…အခုပဲ ၃နာရီထိုးနေပြီ။
စားပြီးပြီပေါ့။”
“အေး..စားပြီးလည်း ပြီးတာပဲ…ကဲကဲ…သွားမယ်..ဦးပါဒီနေ့
မဏ္ဍပ်မလာတော့ဘူးနော်”
ကျနော်လည်း ချိုသာ့လက်ကိုဆွဲပြီး သူတို့ကားနားက
ဖြတ်လျှောက်သွားမိသည်။ လမ်းပေါ်မှ သင်္ကြန်ကားတစ်ချို့ ကလည်း ဝိုင်းအော်ကြသည်။ မင်းသမီးကို
သူတို့သိနေကြတာကိုး။
“လူတွေကတော့ ချိုသာနဲ့ ဦးကို တစ်မျိုးထင်တော့မှာပဲ”
ကျနော်က စိုးရိမ်မကင်းပြောမိတော့ ချိုသာက
“အင်း…ကြေငြာပြီးသားဖြစ်တာပေါ့” ဟုရယ်ကြဲကြဲပြန်ပြောသည်။
အမှန်တော့ ချိုသာရော၊ပပရော ၂ယောက်စလုံးက ကျနော့်ကို စိတ်မယိုင် ယိုင်အောင် လုပ်နေကြတဲ့
မာန်နတ်သမီးတွေပါပဲ။ ကျနော်ကသာ ရှေ့တိုးမယ်ဆိုရင် သူတို့မှာ လက်ခံပေးဖို့ အဆင့်သင့်ပင်။
ကျနော် ကိုယ့်ကိုကိုယ် ကြွားပြောနေတာမဟုတ်ပါဘူး။ ဒါဟာ တကယ့်လက်တွေ့ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်မှန်ပါပဲ။
ကျနော်နဲ့ ချိုသာနဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မဏ္ဍပ်ကို
ပြန်ရောက်ကြသည်။ အဲ့ဒီမဏ္ဍပ်ပိုင်ရှင်က တခြားသူမဟုတ်ဘူး။ ချိုသာ အကယ်ဒမီရခဲ့တဲ့ ရုပ်ရှင်ကား
ထုတ်လုပ်တဲ့သူဖြစ်သည်။ ထို့ကြောင့် ချိုသာက ကျနော့်ကို မရမက အတင်းခေါ်၍ လိုက်သွားရခြင်းဖြစ်သည်။
အကြောင်းကား…အကြောင်းတရားများစွာရှိလေတကား။ ထိုထုတ်လုပ်သူသည် ချိုသာ့အား မျက်စိကျနေသူ
ဖြစ်၍ သူ့လူတွေအလယ်မှာ အသားယူပြောဆိုမှာကို ကြိုတင်ဟန့်တားတဲ့အနေနဲ့ ချိုသာက အကူအညီတောင်းသဖြင့်
လိုက်သွားရခြင်းပင်ဖြစ်သည်။
အကြတ်နေ့ တစ်နေ့လုံး ကိုယ့်မဏ္ဍပ် ကိုယ်မရောက်ပဲ
ကုန်ဆုံးသွားသည်။
“သင်္ကြန်အတက်နေ့ရဲ့ နောက်ဆုံးနေ့မှာကွယ်….ပျော်ပျော်ပါးပါး
ကတာခုန်တာရယ်… ရောက်လာပြန်တယ်… ရောက်လာပြန်တယ်…..”
ဒီနေ့ သင်္ကြန်အတက်နေ့ရောက်ခဲ့ပြီ။ အားလုံးခံစားချက်ကိုယ်စီဖြင့်
သင်္ကြန်နောက်ဆုံးနေ့ကို ဆင်နွှဲနေကြသည်။
“ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်…
နောင်နှစ်မှာလည်း စီးလို့ကြိုကွယ် မောင်ကြီးလာပါမယ် လာပါမယ်…”
မဏ္ဍပ်တိုင်းလိုလို နှုတ်ဆက်တေးတွေကို ဆိုကြ
ကကြလေပြီ။ ရေပက်မဏ္ဍပ်များကလည်း ခေတ်ဟောင်း သင်္ကြန်တေးလေးများကို ပြန်လည် ဆန်းသစ် ဖွင့်ကြလေပြီ။
“တစ်နှစ် တစ်ခေါက်တော့ အရောက်လာမယ် မိန်းမချောလေးရယ်…ပိတောက်ပွင့်တဲ့
အရပ်မှာ အတူတွဲ နွှဲကြမယ်…တွေ့တော့မှ သူစိမ်းတွေလို စိမ်းမသွားနဲ့ကွယ်…တစ်နှစ်တစ်ယောက်မို့
မောင့်ကိုလေ စွန့်ခွာမှာလား။”
သင်္ကြန်သည် ရင်ခုန်ကြည်နူးစရာများနဲ့အတူ မကြာမီ
ကုန်ဆုံးပါတော့မည်။ ရိန်းတစ်ယောက် တစ်ညလုံး စိတ်ကူးတွေ ယဉ်နေခဲ့သည်။ စန္ဒီက သူ့ကို ချစ်တယ်လို့အဖြေပေးတော့
ပျော်ပြီး မဏ္ဍပ်ကြီးတစ်ခုလုံး ကြားအောင် အော်လိုက်သည်။ ပြီးတော့ စန္ဒီ့ အတွက် ကြိုပြီး
ဝယ်ထားတဲ့ food chain လေးကို သူငယ်ချင်းတွေရှေ့မှာ ဝတ်ပေးလိုက်သည်။ အားလုံးက လက်ခုပ်
ဝိုင်းတီးကြတော့ သူက စန္ဒီ့နှုတ်ခမ်းနှစ်လွှာကို ဖမ်းစုပ်နမ်းရှိုက်လိုက်သည်။ မဏ္ဍပ်ပေါ်က
သူငယ်ချင်းတွေက သူတို့၂ယောက်ကို ရေတွေဝိုင်းပက်လိုက်ကြသည်။ ဘယ်လောက် ရိုမန်တစ် ဆန်လိုက်တဲ့
သင်္ကြန် အတက်နေ့ ချစ်သူဆီက အဖြေရတဲ့နေ့လဲဆိုတာ တွေးရင်း ကြည်နူးနေခဲ့သည်။
မနက်ရောက်တော့ အစောဆုံးနိုးပြီး မရှိစခိုးဖူး ဘုရားထိုင်ရှိခိုးနေ၏။
ဆုတွေလည်းတောင်းနေလိုက်တာ အများကြီး။
မဏ္ဍပ်ပေါ်ရောက်တော့ စန္ဒီ့ကိုရှာသည်။ သူ့ကို
ဒီနေ့ အဖြေပေးမယ့် ချစ်သူလောင်းကို သူလိုက်ရှာသည်။ စန္ဒီ့ကိုရှာမတွေ့။ သူဂဏာမငြိမ် ဖြစ်နေသည်။
အောက်ဆင်းလိုက် အပေါ်တက်လိုက်နဲ့ အလုပ်တွေရှုပ်နေသည်။ သူ့နည်းတူ ကိုဌေးလည်း မနေရ။ ဝိုင်းရှာပေးနေရသည်။
ဖုန်းဆက်လည်း မကိုင်။ ဖုန်းပိတ်ထားသည်။ ရိန်း စိတ်တွေ လှုပ်ရှားလာသည်။ ကိုဌေးကို စန္ဒီ့အိမ်
လိုက်သွားဖို့ ခေါ်သည်။
မဏ္ဍပ်ပေါ်မှာလည်း DJ ဘီလူးနဲ့ DJ သောမတ်စ်တို့ရဲ
့ အတက်နေ့ နောက်ဆုံး လက်စွမ်းတွေကိုပြနေသည်။ ဒွန့်နေသူတွေ၊ တွန့်နေသူတွေလည်း မြူးနေသည်။
ကြူနေသူတွေလည်း MOOD ဝင်နေကြသည်။ မူးနေသူတွေလည်း ခရီးအတော်ရောက်နေကြလေပြီ။ ဒီနေ့ဟာ
သင်္ကြန်အတက်နေ့ဆိုတော့ အားလုံးကို ခွင့်လွှတ်ပေးထားသည်။ လွတ်လပ်စွာ ပျော်ပါးနိုင်သည်။
အလွန်အကျွံ မဖြစ်လျှင် တော်ပြီ။ လုံခြုံရေးတွေလည်း တော်အရမ်းဂရုစိုက်နေကြသည်။ နောက်ဆုံးနေ့တို့
မည်သည် ရန်ပွဲများ ရိုက်ပွဲများဖြင့် အဆုံးသတ်လေ့ရှိတယ်မလား။
ကျနော်ကတော့ မဏ္ဍပ်ပေါ်မရောက်ဖြစ်သေးပေ။ အနောက်ဘက်က
မြက်ခင်းပြင်မှာပဲ ချိုသာတို့ ပပတို့ အဖွဲ့ တွေနဲ့အတူရှိနေသည်။ တစ်ယောက်တစ်ပေါက် နောက်ပြောင်ရယ်မောရင်း
ရီဝေယစ်မူးနေကြသည်။
ဒီနေ့ ကျနော့်သူငယ်ချင်းကြီးတွေလည်း တစ်ခေါက်ပြန်လာကြဦးမည်။
သူတို့အတွက် စားစရာသောက်စရာတွေလည်း စီစဉ်ထားရသည်။ ကျနော်နဲ့ မင်းသမီးတွေ ရယ်ရယ်မောမော
စကားဖောင်ဖွဲ့နေစဉ် ရိန်း ရေးကြီးသုတ်ပြာနဲ့ ကျနော့်ထံ ရောက်လာသည်။
“ဦးပါ…စန္ဒီ့ကို ဆက်သွယ်လို့မရတော့ဘူး…သားကို
ကူညီပါဦး…သား စန္ဒီနဲ့ ဒီနေ့တွေ့မှဖြစ်မယ်…သူဒီနေ့ သားကို အဖြေ ပေးမယ်လို့ပြောထားတာလေ”
ရိန်းကိုကြည့်ပြီး ကျနော် စိုးရိမ်သွားသည်။
ကျနော် တစ်ခြားသူတွေအနားမှ ရိန်းကို ဆွဲခေါ်လာလိုက်သည်။ သူ့မှာ ရှက်စိတ်တွေ မရှိတော့ဘူး။
ဒီအချိန်မှာ သူဘာမဆို လုပ်မယ့်ပုံပေါက်နေသည်။ လူငယ်လဲ ဖြစ်ပြန် အချစ်ရဲ့ တွန်းအားကလည်း
အရှိန်ပြင်းထန်နေပြန်တော့ သူ့ကို တစ်ယောက်တည်း လွှတ်ထားလို့မဖြစ်တော့ပေ။ ဘာမဆို ဖြစ်သွားနိုင်သည်။
အကျိုးအကြောင်း သိရအောင် သေချာမေးရသည်။
“အေးပါ သားရိန်းရယ်…မင်းစိတ်ကို ငြိမ်အောင်ထားပါ…သူလာမှာပါ…မင်းကို
သူတကယ်ချစ်တယ်ဆိုရင် သူ ဒီနေ့ မဏ္ဍပ်ကို ရောက်အောင်လာပြီး မင်းကို အဖြေပေးမှာပါ…ဘာမှ
ပူမနေနဲ့..သူရောက်မလာရင် ဦးပါကိုယ်တိုင် သွားခေါ်ပေးမယ်”
ကျနော် ချော့မော့ပြောလိုက်မှ ရိန်း နည်းနည်းငြိမ်သွားသည်။
မောင်ဘုန်းတို့ ဖိုးခန့်တို့ကို ကျနော်မှာထားရသည်။ ရိန်းကို အရက် အရမ်းမတိုက်မိကြဖို့နဲ့
အခြေအနေ စောင့်ကြည့်ပေးဖို့ ပြောထားရသည်။
တဖက်ကလည်း ကိုဌေးကို စန္ဒီ့အိမ်လွှတ်ပြီး အကျိုးအကြောင်းသွားစုံစမ်း
ခိုင်းလိုက်သည်။ ဒီနေ့ သင်္ကြန်ရေပင် မထိရသေးပေ။ ကျနော် မဏ္ဍပ်ပေါ်ခဏ တက်သွားလိုက်သည်။
ထုံးစံအတိုင်း ငရဲ၊ ဆန်းထွန်းနဲ့ ကိုဝင်းထွေးကြီးတို့
ကောင်မငယ်တွေကြားမှာ အပြတ်ကဲနေကြသည်။ ကိုဝင်းထွေးကြီးက ခေါင်းကို ရှေ့တိုးနောက်ဆုတ်လုပ်တဲ့
အကနဲ့ ကနေပြီး ဆန်းထွန်းက ကဗျာလွတ်အကလို ခြေနှစ်ဖက် တစ်လှည့်စီ ထိုးပြီး ကနေသည်။ ငရဲက
အင်္ကျီကိုယ်ပေါ်မကပ်တော့ပဲ နေကာမျက်မှန်ကြီးကိုတပ်ပြီး မီးသတ်ပိုက်နဲ့ ဟိုဘက်ရမ်း ဒီဘက်ရမ်း
လုပ်ရင်း ကနေသည်။ ဒီနေ့ ထူးထူးခြားခြား ဖြိုးကျော်သက်တို့စုံတွဲရော၊ ဇာနည်ထက်တို့စုံတွဲရော
ပျော်နေကြတာ သတိထားမိလိုက်သည်။ ဖိုးထက်က သူ့အဖေနဲ့အမေရှိနေ၍ သိပ်မလွတ်လပ်ပဲဖြစ်နေရှာသည်။
ဒါ့အပြင် ညီမဖြစ်သူကိုပါ စောင့်ရှောက်နေရလို့ သူ့ခင်ဗျာ စိတ်ညစ်နေပုံရသည်။ ဒါလည်း ဟုတ်ပေသားပဲ။
ကျနော်တို့ ငယ်ငယ်ကလည်း မိဘတွေနဲ့ သင်္ကြန်အတူလည်ရင် မပျော်ဘူး။ သူငယ်ချင်းတွေချည်းပဲ
လည်မှ ပျော်ရတာ။
နေ့လည် ထမင်းစားနားချိန်ရောက်တော့ ရိန်းကို
ကျနော် အကဲခတ်ကြည့်မိသည်။ သိပ်ရွှင်ရွှင် ပျပျ မရှိ။ သူများတွေလို မပျော်နိုင်ရှာပေ။
သောက်ထားတဲ့ အရှိန်က ရိန်းမျက်နှာပြင် တစ်ခုလုံးကို နီရဲနေစေသည်။ မောင်ဘုန်းတို့ကလည်း
ကာယကံရှင်ကတော်တော် သူတို့ကပိုပြီးဆိုးနေသည်။
“စန္ဒီ ဒီလိုလုပ်တာတော့ မကောင်းပါဘူး ကိုရိန်းရာ”
“ဟုတ်တယ် ဒါ ကိုရိန်းကို သက်သက် ကစားတာ”
“ဒါကြောင့် ပြောတာပေါ့ မိန်းမတွေက ယုံရခက်ကြီးဆိုတာ”
“ဟာ မောင်ဘုန်းကလည်း မိန်းမတွေက ယုံရခက်ကြီးမဟုတ်ဘူးလေ။
အဲ့ဒီ မိန်းမမာယာ သဲကိုးဆယ့်ကိုးဖျာကို ယုံမိတဲ့ ဟော့ဒီက ဘဲကြီးတွေကသာ နွားဖြစ်တာဗျ”
ဖိုးခန့်ကလည်း မူးမူးနဲ့ ပြောချင်ရာကို စွတ်ပြောချလိုက်သည်။
သူတို့နဲ့ အတူရှိနေတဲ့ ဖိုးထက်က
“ကိုခန့်ပြောပုံအရဆို ကိုရိန်းက နွားကြီးဖြစ်နေပြီပေါ့”
ဟုဝင်ထောက်ပြလိုက်မှ ဖိုးခန့်လည်း ပြူးတူးပြာတာ ဖြစ်သွားပြီး
“ကိုရိန်း ကျနော် အဲ့သဘော ပြောတာမဟုတ်ဘူးနော်…ဆော်ရီး…လာဗျာ
ချီးယား တောင်းပန်တယ်နော်” ဟုဆိုကာ ဘီယာဗူးချင်းတိုက်လိုက်သည်။ ရိန်းကတော့ သူတို့ ဘာပြောပြော
နားထောင်နေသလို ထင်ရပေမယ့် သူ့အတွေးနဲ့သူ မျောနေခဲ့သူပါ။
အဲ့ဒီ အချိန်မှာပဲ မဏ္ဍပ်အောက်မှ ဖုန်းဒိုင်း
ဖုန်းဒိုင်း ခွင်ခွမ် သံများကြားရပြီး ဖူးဖူးက ဖိုးထက်ဆီ ပြေးလာသည်။
“ကိုကြီးတို့ ကိုကြီးတို့ အောက်မှာ ချကုန်ပြီ”
ဖိုးထက်တို့ ၃ယောက် ချက်ချင်းထပြီး ရှေ့ထွက်ကြည့်ကြသည်။
ထိုစဉ် ကိုဝင်းထွေး၊ငရဲ နဲ့ ဆန်းထွန်းတို့ ၃ယောက်သား ကလေးတွေရှေ့ပြေးပြီး ကာလိုက်သည်။
ငရဲက
“ငါတို့ မဏ္ဍ့ပ်က ကလေးတွေကို ထိလို့ကတော့ မင်းတို့ကောင်တွေ
ခေါင်းနဲ့ကိုယ် အိုးစားကွဲဖို့ ပြင်ထား” ဆိုပြီး အော်လေရာ ဆန်းထွန်းက ငရဲကို အရင်ပြန်ထိန်းလိုက်ရသည်။
အဲ့သလိုမှ မဟုတ်ရင် အောက်က အရက်ပုလင်းက ငရဲဆီ တန်းတန်းမတ်မတ် ပစ်ပေါက်ခံရဖွယ်ရှိသည်။
ကိုဝင်းထွေးကလည်း ရိန်းတို့ဘက်လှည့်ပြီး
“ဘာမှ မကြောက်နဲ့ ဦးတို့ရှိတယ်…မင်းတို့ကို
လုံးဝ အထိမခံဘူး”
ပြောမယ့် သာပြောနေကြတာ သူတို့ လူကြီးတွေက
ကလေးတွေထက် ပိုပြီးရေချိန် ကိုက်နေကြသည်။
ကျနော်လည်း ပြဿနာ ဖြစ်သံကြားတော့ မဏ္ဍပ်ရှေ့ထွက်ပြီး
ရှင်းရသည်။ ကိုယ့်မဏ္ဍပ်က ဖြစ်တာမဟုတ်လို့ တော်သေးသည်။ ရေပက်ခံကားချင်း စရင်း နောက်ရင်း
ငြိကြခြင်းဖြစ်သည်။
ခဏနေတော့ DJ ဘီလူးဆီက အသံထွက်လာသည်။
“ဒီမဏ္ဍပ်က ဘော်ဘော်တွေ သိပ်ကြောက်သွားသလား
မကြောက်နဲ့ မကြောက်နဲ့ ဗိုလ်အောင်ဒင် ဘောင်းဘီဇစ်ဖြုတ်တာ ရှူရှူ ပေါက်မလို့ပါ….”
ဘီလူးက အဲ့လိုကြေငြာလိုက်တော့ အားလုံးက ဟေး
ဟေး ဆိုပြီးအော်လိုက်ကြသည်။ တပြိုင်နက်ထဲ DJ သမားတွေက ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ 
လက်တင်အဆိုတော် ရှက်ကီရာ ဆိုခဲ့တဲ့ WAKA WAKA သီချင်းကို ဖွင့်ပေးလိုက်ရာ အားလုံး ထခုန်ကြတော့သည်။
ထိုသီချင်းမှာ နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်သည်။ ထိုသီချင်း
နဲ့ ၂၀၁၀ ပွဲကန်ခဲ့တုန်းက ရိန်းမွေးကာစ ဖြစ်သည်။ ကျနော်တို့ အားလုံးလဲ စင်ကာပူမှာ ဖြစ်သည်။
မှတ်မှတ်ရရ ရိန်းကို မွေးတဲ့နေ့ည ကျနော်တို့သူငယ်ချင်းတွေ
ဆေးရုံမှာ လူနာမေးပြီးအပြန် အိမ်ရောက်တော့ ဖဲရိုက်ကြသည်။ အဲ့ဒီညက ကိုဝင်းထွေးကြီး တစ်ယောက်ထဲနိုင်သွားသည်။
ကျနော်တို့ကို ဘောလုံးပွဲသွားကြည့်ရင်း ကော်ဖီတိုက်မယ်ဆိုလို့ အင်္ဂလန်နဲ့ အမေရိကန်ပွဲ
ကော်ဖီဆိုင်မှာသွားကြည့်ခဲ့ကြတာ အခု ဒီသီချင်းလေးကြားတော့ ဆက်စပ်ပြီး သတိရလိုက်မိခြင်း
ဖြစ်သည်။
နေ့လည်နားချိန်ပြီးလို့ ပြန်စနေပြီ။ စန္ဒီ့ဆီက
ဘာသတင်းမှ မရ။ ကိုဌေးဆီ ဖုန်းလှန်းဆက်ပြီး အကျိုးအကြောင်း မေးမိသည်။
“ဆရာ…အခြေအနေကတော့ မကောင်းဘူး…ကျနော်အခုပဲ
စန္ဒီ့ ကို လေဆိပ်လိုက်ပို့နေရတယ်ဆရာ…”
“ဟေ…ဘာဖြစ်လို့လဲ…စန္ဒီက ဘယ်လိုဖြစ်လို့ ကောက်ကာ
ငင်ကာကြီး ထပြန်ရတာလဲကွ”
“ကျနော်လည်း မသိတော့ပါဘူး ဆရာရယ်…ကျနော်
သူတို့အိမ်နားရောက်တော့ စန္ဒီ့ကို အထုတ်အပိုးတွေနဲ့ ကားငှားနေတာ တွေ့လို့ ကျနော်ကသွားမေးတာ…အဲ့ဒီတော့မှ
စန္ဒီပြောပြလို့ သူလေဆိပ်ဆင်းတော့မယ်ဆိုတာ သိတာပဲ…လမ်းမှာလည်း ရေပက်ခံ ကားတွေနဲ့ ပိတ်နေတယ်ဆရာ..အခု
ရှစ်မိုင်နားရောက်နေပြီ”
“နေ…နေ…နေပါဦး…စန္ဒီ့ကိုဖုန်းပေးလိုက်စမ်း”
ကိုဌေးက စန္ဒီ့ ကို ဖုန်းပေးလိုက်သည်။
“ဟဲလို…သမီးစန္ဒီ…ဘယ်လိုဖြစ်ရတာလဲကွယ်…ဦးပါကိုရှင်းပြပါဦး…ရုတ်တရက်
ဘာလို့အဲ့လို စီစဉ်ရတာလဲ..သမီးမှာ ဘာပြဿနာရှိလို့လဲ…ဘာအခက်အခဲရှိလဲ…ဦးပါကိုပြော…ဦးပါ
အစွမ်းကုန် ကူညီမယ်..အခုလို သင်္ကြန်အတက်နေ့ကြီး ပြန်သွားတော့ ဦးပါဘယ်စိတ်ကောင်းမလဲ…ပြီးတော့..ရိန်းလည်း
သမီးကိုမျှော်နေရှာတာကွယ်”
“သမီး တောင်းပန်ပါတယ် ဦးပါ…ဦးပါတို့ကို
နှုတ်မဆက်ပဲ အခုလို လုပ်ခဲ့တဲ့အတွက် သမီးကို ခွင့်လွှတ်ပါ”
“ဦးပါ စိတ်မဆိုးပါဘူးသမီးရယ်…ဒါပေမယ့် သမီး
ရိန်းကို တစ်ခုခုတော့ ပြောခဲ့သင့်တယ်လို့ ဦးပါထင်တယ်”
ကျနော်စကားကြောင့် စန္ဒီဘက်က ခေတ္တငြိမ်သွားသည်။
ပြီးမှ ပြန်ပြောလာသည်။
“သမီး ကိုရိန်းကို မမုန်းပါဘူး…သမီးကိုရိန်းကို
မခံစားစေချင်လို့ပါ”
စန္ဒီက ပြောရင်းငိုသံလေးပါလာသည်။ တရှုံ့ရှုံ
့ ဖြစ်လာသည်။ ပြီးတော့ ဆက်ပြောသည်။
“ပြီးတော့ သမီးကိုယ် သမီးလည်း မခံစားနိုင်လို့ပါ…ဦးရယ်…ဘာလို့လဲဆိုတော့…သမီးနဲ့
ကိုရိန်းဟာ တစ်ယောက်တစ်နိုင်ငံဆီမှာနေနေ ကြတာမဟုတ်လား။
သူလည်း သမီးဆီ လိုက်မလာနိုင်သလို သမီးလည်း
သူ့ဆီ လိုက်မသွားနိုင်ဘူးလေ…”
စန္ဒီက ဝမ်းနည်းစွာ ဆက်ပြောသည်။
“ချစ်သူတွေဖြစ်ခဲ့ရင် အနေနီးနေမှလည်း ပိုပြီး
အဆင်ပြေမှာမဟုတ်လား။ သမီးနဲ့ ကိုရိန်းက အနေဝေးနေရဦးမှာလေ..”
ကိုဌေးမောင်းနေသော ကားလေးသည် မင်္ဂလာဒုံလေဆိပ်အဝင်လမ်းသို့
ချဉ်းနင်းဝင်ရောက်လေပြီ။
“ဖြစ်နိုင်ရင် ဦးပါပဲ ကိုရိန်းကို နားလည်အောင်
သမီးကိုယ်စား ပြောပြပေးပါနော်…”
“သမီးစန္ဒီ…သမီးတွေးတာလည်း မှန်ပါတယ်။ ဦးပါနားလည်ပါတယ်။
ဒါပေမယ့် သမီးကို စောင့်မျှော်နေတဲ့ ရိန်းကိုတော့ သမီးကိုယ်တိုင် ဖုန်းဆက်ပြီး နှုတ်ဆက်လိုက်ပါသမီးရယ်”
ကျနော် အဲ့သလောက်ပဲ ပြောနိုင်တော့သည်။ လူငယ်တွေရဲ
့ချစ်ခြင်းဟာ အချိန်မရွေး ပြောင်းလဲနိုင်တယ်ဆိုတာ ကျနော် သိခဲ့ရသည်။ ကလေးတွေ ကိစ္စမှာ
ကျနော် တတ်နိုင်သလောက် ပါဝင်ကူညီပေးခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ သူတို့ဇာတ် သူတို့နိုင်အောင်
ကကြဖို့ပဲ လိုသည်။ ကျနော်ကတော့ ပွဲကြည့် ပရိသတ်တစ်ယောက်ပဲ လုပ်တော့မည်။ သူတို့ ဘယ်လို
ဇာတ်သိမ်းမလဲ ဆိုတာကိုသာ စောင့်စားကြည့်ရှုပါတော့မည်။
စန္ဒီကားပေါ်ကဆင်းတော့ ကိုဌေးကို နှုတ်ဆက်သည်။
ကိုဌေးက အထုတ်တွေ ကူသည်ချပေးရင်း
“ရိန်းလေးက စန္ဒီ့ ကို တစ်မနက်လုံးမျှော်နေရှာတာ…ရိန်းသနားပါတယ်
စန္ဒီရယ်..”
“ဦးဌေး…သမီးအခုလိုလုပ်တာ မှားတယ်လို့ ဦးဌေးတို့ထင်ရင်
သမီးတောင်းပန်ပါရစေ…ဒါပေမယ့် သမီး ကိုရိန်းကို မမုန်းဘူးဆိုတာတော့ ဦးဌေးပြောပြလိုက်ပါနော်”
“ဦးဌေး မပြောချင်ဘူး သမီးကိုယ်တိုင် ဖုန်းဆက်ပြောလိုက်တာ
ပိုကောင်းပါတယ်”
စန္ဒီလည်း မတတ်သာတဲ့ အဆုံး ရိန်းဆီဖုန်းခေါ်လိုက်လေသည်။
ရိန်း အနားတွင် ကျနော်ကိုယ်တိုင်ရှိနေသည်။
သင်္ကြန်အတက်နေ့ ညနေစောင်းရောက်လာပြီမို့ ရေပက်ခံကားများ လူများဟာလည်း ပိုထူထပ်လာပြီး
ပိုစည်ကားလာသည်။
မဏ္ဍပ်တိုင်း မီးရှူး မီးပန်းတွေ ပစ်ဖောက်နေကြလေပြီ။
တစ်ချို့ မဏ္ဍပ်တွေဆို ခေါင်းလျှော်ရည်တွေ၊ ဆပ်ပြာထုတ်တွေ ပစ်ပေါက်ပေးနေသည်။ DJ တွေကလည်း
သူ့မဏ္ဍပ်နဲ့သူ အပြိုင်ကျဲနေကြသည်။ ကျနော်တို့ မဏ္ဍပ်က ဘီလူးတို့သောမတ်စ် တို့ကလည်း နိုင်ငံခြားသီချင်းများကို
REMIX လုပ်ပြီး မြူးအောင် DJ ပွတ်နေကြသည်။
ထိုစဉ် ရိန်းဆီသို့  ဖုန်း Ring tone သံမြည်လာသည်။
ရိန်း ချက်ချင်းပဲ ထုတ်ကြည့်လိုက်ရာ သူ မသိတဲ့ဖုန်းနံပါတ်ဖြစ် နေသည်။ ရိန်း စိတ်မဝင်စား။
သူစောင့်နေတဲ့ဖုန်းက စန္ဒီ့ ဆီကဖုန်း တစ်ခုတည်းဖြစ်သည်။ ရိန်းက သူ့ဖုန်းကို ဘောင်းဘီအိတ်ကြားထဲ
ပြန်ထိုးထည့်လိုက်သည်။
စန္ဒီက လေဆိပ်ခန်းမထဲရောက်ရှိနေလေပြီ။ သူ့မှာ
ဟမ်းဖုန်းမပါလာတော့ပေ။ လေဆိပ်က ဖုန်းဖြင့် ရိန်းဆီသို့ လှန်းဆက်နေခြင်းဖြစ်သည်။ သူမ
အဆက်မပြတ် ဆက်ခေါ်နေသည်။ တဖက်ကလည်း လုံးဝ မကိုင်ခဲ့ပေ။
သြော်…ကိုရိန်းရယ်..စန္ဒီ့ ကို စိတ်ဆိုးသွားပြီလားဟင်။
ကိုရိန်း စိတ်ဆိုးလဲ ဆိုးလောက်ပါတယ်လေ…စန္ဒီက ကိုရိန်းကို လှည့်စားသလို လုပ်မိခဲ့တာကိုး။
ဒါ ဘာလို့လဲသိလား။ စန္ဒီ ကိုယ့်စိတ်ကို ကိုယ် မထိန်းနိုင်လို့ပဲ။ ကိုရိန်းနဲ့ မျက်နှာချင်းဆိုင်တွေ့
ရင် စန္ဒီပါးစပ်က ချစ်တယ်ဆိုတဲ့ အဖြေပဲ ပေးချင်တာပါ။ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ
နှစ်ယောက်လုံး ကြိတ်ခံစားနေရမယ့် အတူတူ စောစောစီးစီး မချစ်ခဲ့ကြတာ ပိုကောင်းမယ်ထင်လို့
စန္ဒီ ဒီလို လုပ်ခဲ့ရတာပါ
စန္ဒီက ရိန်းဆီ နောက်ဆုံးအနေနဲ့ ရှင်းပြဖို့
ဖုန်းဆက်တိုက်ခေါ်သည်။ ရိန်းကလည်း ဖုန်းသံကြားလို့ ကြည့်လိုက်တိုင်း စန္ဒီဆီကမဟုတ်ရင်
လုံးဝမကိုင်ပေ။ ကျနော်က ရိန်းရဲ့ အပြုအမူကို သတိထားမိလို့ မေးမိသည်။
“ဘယ်သူလဲ ရိန်း ဖုန်းခေါ်နေတာ ကိုင်လိုက်လေ”
“သား အခုအချိန်မှာ ဘယ်သူနဲ့မှ ဖုန်းမပြောချင်ဘူး။
စန္ဒီတစ်ယောက်တည်းနဲ့ပဲ ပြောချင်တယ် စန္ဒီ့ ဖုန်းမဟုတ်ရင် သားမကိုင်ချင်ဘူး”
ရိန်းက အဲ့လို ပြန်ဖြေတော့ ကျနော် ချက်ချင်းသတိရမိသည်။
ကိုဌေးဆီ လှန်းဆက်ပြီး မေးလိုက်တော့ ကိုဌေးက စန္ဒီမှာ ဘာဖုန်းမှ မပါသွားတော့ကြောင်း
သိလိုက်ရသည်။ ထို့ကြောင့် ရိန်းဟမ်းဆက်ထဲက ဖုန်းနံပါတ်ကို တောင်းကြည့်လိုက်ရာ လေဆိပ်ဖုန်းနံပါတ်ဖြစ်နေတာ
တွေ့လိုက်ရသည်။
“သားရိန်း…အဲ့ဒါ စန္ဒီ မင်းကို ဆက်နေတာ…သူအခု
လေဆိပ်မှာ”
ကျနော်က အဲ့လိုပြောလိုက်တော့ ရိန်း ရုတ်တရက်
ကြောင်သွားသည်။ ပြီးမှ ခုဏက ဖုန်းနံပါတ်ကို ပြန်ခေါ်ကြည့်သည်။ မရပါ။ ရန်ကုန်လေဆိပ်မှ
ကြိုဆိုပါတယ်ရှင် ဆိုတာနဲ့ပဲ တိုးနေတော့သည်။
ရိန်း ရိပ်မိသွားပြီ။ ကျနော့်ကို သေချာကြည့်ရင်း
ရိန်းမေးခွန်းတစ်ခုမေးလိုက်သည်။
“စန္ဒီ ဘယ်မှာလဲဆိုတာ ဦးပါသိနေတယ်ပေါ့”
ရိန်းလေသံက မတိုးမကျယ်နဲ့ ကျနော့်ကို ခပ်ယဲ့ယဲ့
ပြုံးပြီး ထပ်ပြောလေသည်။
“စန္ဒီ ဘာလုပ်နေတယ်ဆိုတာ ဦးပါသိနေတယ်မဟုတ်လား…”
“နေဦး ရိန်း ဦးပါ သားကိုရှင်းပြမလို့ပဲ”
ကျနော်က ကြားဖြတ်ပြောပေမယ့် ရိန်းကသာ ဆက်ပြောနေသည်။
“ရှင်းပြမလို့ ဟုတ်လား။ အစောကြီးကတည်းက ကြိုသိနေတဲ့လူက
အခုမှ ရှင်းပြမယ်ဆိုတာ ဘာလဲ ဦးပါ…စန္ဒီနဲ့ကျနော် ချစ်သူဖြစ်သွားမှာကို ဦးပါ မလိုလားဘူးမဟုတ်လား။
ဦးပါက တာဝန်ခံထားရတော့ ကျနော်တို့ကြောင့် ဦးပါမျက်နှာပျက်မှာကို တွေးပြီး အခုလို
လွဲအောင် စီစဉ်ခဲ့တာမလား”
ရိန်းအသံက နဲနဲကျယ်လာသည်။ ဘေးက သူငယ်ချင်းတစ်ချို
့ပင် အနားရောက်လာကြသည်။
“သားရိန်း…မင်း စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ…မင်း
ဦးပါကို အဲ့လို အထင်မလွဲနဲ့လေ”
ကျနော်က အေးအေးဆေးဆေးပဲ သူ့ကို ဖျောင်းဖျသည်။
“အထင်မလွဲပါဘူး…ထင်ကိုထင်တာ…အစောကြီးတည်းက
ကျနော်ရိပ်မိတယ်..ဦးပါက ကျနော်နဲ့စန္ဒီ့ကို အသုံးချပြီး သူငယ်ချင်းတွေကြားမှာ မျက်နှာယူမယ်…အားလုံးက
ဦးပါကို သဘောကောင်းတဲ့လူလို့မြင်မယ် ဒါတွေကို ဦးပါလိုချင်တာ…ကျနော်နဲ့စန္ဒီ ချစ်သွားမှာ…တစ်ခုခုဖြစ်သွားမှာကို
သေလောက်အောင် ကြောက်ခဲ့တာပဲ..ကျနော်တို့ကို နဲနဲမှ အပျောက်မခံခဲ့ဘူး။ ကျနော်တို့က အရွယ်ရောက်ပြီးသားတွေပါ။
ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိပြီးသားတွေပါ ဦးပါတွေးပူပေးစရာမလိုပါဘူး”
“ဟာ..ရိန်း…မင်း..ဦးပါကို အဲ့လောက်ထိ ပြောတယ်လား…ဒါဆို
မင်း ဦးပါရဲ့ စေတနာတွေကို စော်ကားလိုက်တာပဲ ရိန်း…”
“တော်ပါ…ဘာစေတနာလဲ…အခုလဲ ကျနော်နဲ့ စန္ဒီနဲ့
ကြိုက်သွားမှာဆိုးလို့ တဖက်လှည့်နဲ့ စန္ဒီ့ ကို ပြန်ခိုင်းလိုက်တာ မဟုတ်လား”
“တော်စမ်း ရိန်း မင်းစကားတွေ လွန်လာပြီ”
“ဟုတ်ပါတယ်။ ကျနော်က လူငယ်ကိုး။ လူငယ်နဲ့လူကြီး
ယှဉ်ပြောရင် လူငယ်ပဲလွန်မှာပေါ့…”
ရိန်းနဲ့ကျနော်တို့ရဲ့ ပြဿနာကို သိတဲ့လူတစ်ချို
့ကဘေးက ဝိုင်းထိန်းပေးကြသည်။ တစ်ချို့ ကတော့ မသိကြ။ မသိကြတာပဲကောင်းသည်။ ဒီနေ့က နှစ်ဟောင်းရဲ
့နောက်ဆုံးရက်။ သင်္ကြန်ပွဲတော်ရဲ့ နောက်ဆုံး အတက်နေ့၊ နောက်ဆုံးည။ သူငယ်ချင်းတွေနဲ့
ပျော်ရွှင်နေသူတွေ ပျော်နေတာကို မရပ်တန့်စေချင်ဘူး။
ကျနော် မဏ္ဍပ်အောက်က ရုံးမြက်ခင်းပြင်ဆီ ဆင်းသွားလိုက်သည်။
ကျနော့်ဘေးမှာ ဇာနည်ထက်လိုက်လာသည်။ သူကလည်း ရိန်းကို ဝင်ပြီးဖျောင်းဖျပေးသည်။ သို့သော်
အချစ်မှုံယိုနေသော ဆင်တစ်ကောင်ကို ဘယ်လိုပင် သိမ်းသွင်းသိမ်းသွင်း မရနိုင်တော့ပေ။
ရိန်းက စိတ်တွေအရမ်းလှုပ်ရှားပြီး ကျနော့်ရှေ့မှ
လှည့်ထွက် ပြေးသွားသည်။ သူဘယ်ကို ထွက်သွားမှာလဲ။ ကျနော်နောက်က အမှီလိုက်သည်။ သင်္ကြန်နောက်ဆုံးနေ့မို့
လမ်းမှာလည်း ကားတွေရော လူတွေရော အပြည့်။ ရိန်းက ရှေ့ခပ်လှန်းလှန်းမှ ပြေးသည်။ ကျနော်က
သူ့နောက်က လိုက်သည်။
ဒီကလေး ခြေဦးတည့်ရာ ထွက်သွားမှာလား။ ဒါမှ
မဟုတ် စန္ဒီရှိရာ လေဆိပ်ကိုလိုက်သွားတာလား။ ကျနော် အတွေးပေါင်းများစွာဖြင့် သူပြေးရာနောက်
ဆက်တိုက် လိုက်သည်။
ကျနော်တို့ နောက်သို့ ဇာနည်ထက်နဲ့ ဆန်းထွန်းတို့
အဖွဲ့တွေ လိုက်လာကြသည်။
ရိန်းက ကျနော့်ကို အထင်လွဲမှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့အတူ
ကျားသစ်တစ်ကောင်ရဲ့ အဟုန်နဲ့ ရှေ့ကနေ တရှိန်ထိုး ပြေးနေလေရာ ကျနော် မနည်း မှီအောင်
လိုက်နေရသည်။
“ရိန်း…သားရိန်း…နေပါအုံးကွ…မပြေးပါနဲ့…”
ကျနော် အော်ရင်း ပြေးရင်း လိုက်သည်။
မိန်းလမ်းမကြီးပေါ် ရိန်းက ဖြတ်ပြေးသည်။ တဖက်ကလာတဲ့
TAXI တစ်စီးကို လှန်းတားလိုက်သည်။ ကျနော်လည်း လမ်းမကြီးကို ဖြတ်ပြီး ပြေးလိုက်သည်။
ရိန်း TAXI ပေါ်မတက်ခင် အမီလိုက်ရမည်။ သူသာ TAXI နဲ့ဆို ဘယ်လိုနည်းနဲ့မှ မမီနိုင်တော့ပေ။
ကျနော် လမ်းမကြီးကို ဖြတ်ကူးလိုက်တော့
ဝုန်း ကနဲမြည်သံနဲ့ အတူ ပတ်ဝန်းကျင်က ဆူညံသံများကို
ကြားလိုက်ရသည်။
“ကားတိုက်သွားပြီဟေ့…သေပြီထင်တယ်…သွေးတွေအများကြီးပဲ…”
လူတွေက တစ်ယောက်တစ်ပေါက် ပြောနေ အော်နေကြသည်။
ကျနော် သူတို့ပြောနေသံကို ဂရုမစိုက်အား။ ရှေ့က ကိုယ့်လူ မျက်ခြေပျက်သွားမှာကို စိုးပြီး
တဖက်လမ်းအရောက် ပြေးလိုက်သည်။ ရိန်းက TAXI ကားပေါ်ပါသွားလေပြီ။ ကျနော် ကားနောက် ပြေးလိုက်သေးသည်။
ကားက အရှိန်နဲ့မောင်းထွက်သွားတော့သည်။
ကျနော် နောက်ကလာသမျှ ကားတွေကို တစ်စီးပြီး
တစ်စီးတားသည်။ ရှေ့ကားနောက် လိုက်ဖို့ဖြစ်သည်။ သို့သော် တစ်စီးမှ မရပ်ပေးကြပေ။ တစ်ချို
့လူမပါသော်လည်း ကျနော့်ကို ဂရုမစိုက်ပဲ ကျော်သွားကြပြီး ကျနော့် ရှေ့မှာ တားနေတဲ့သူတွေဆီမှာ
သွားရပ်ပေးသည်။ ၃စီး ၄စီးလောက် အဲ့လိုဖြစ်နေ၍ ကျနော် ဒေါသတွေဖြစ်ရသည်။ မဏ္ဍပ်ပြန်ပြီး
ကိုယ့်ကားကိုယ်ယူတာပဲ ကောင်းသည်။ ကျနော် မဏ္ဍပ်ဘက် ပြန်ပြေးသည်။ ကားတွေ လူတွေက ရှုပ်နေဆဲ။
စည်ကားနေဆဲ။ သို့သော် ကျွန်တော်တို့ မဏ္ဍပ်က အစောကြီး ရေပိတ်သွားသည်။ တီးလုံးသံတွေလည်း
မကြားရတော့ပေ။ မဏ္ဍပ်ပေါ်မှာလည်း လူတွေ နည်းနည်းပဲရှိတော့သည်။ ဘာလို့ အစောကြီး သိမ်းလိုက်ကြတာလဲ။
ကျနော်မဏ္ဍပ်ပေါ်တက်သွားလိုက်သည်။ DJ ဘီလူးတို့ကိုတွေ့တော့
“ဟေ့ကောင်တွေ…ဘာလို့အစောကြီး ပိတ်လိုက်တာလဲ”
လို့မေးလိုက်မိသည်။ DJ ဘီလူး မျက်လုံးတွေ ရဲနေသည်။ တစ်စုံတစ်ခုကြောင့် ငိုထားရပုံပေါ်သည်။
ဒါပေမယ့် ဒီကောင် မော့ထားတာလဲဖြစ်နိုင်သည်။ ကျနော့်အမေးကို သူမကြားသေး။
ကျနော်ထပ်မေးသည်။ DJ ဘီလူးက လုံးဝပြန်မဖြေ။
၃ခွန်းလောက် ဆက်တိုက်မေးသော်လည်း ပြန်မပြောသဖြင့် ကျနော် နဲနဲ ပေါက်လာသည်။ သူတို့ဘေးနားက
ခေါက်ဆွဲကြော်ဗူးကို ကိုင်ပြီး လွှင့်ပစ်လိုက်သည်။ ဒီတော့မှ သူတို့ ပျာယာခတ်သွားသည်။
ကျနော့်ကို သောက်ဂရုပင် မစိုက်ကြ။ မဏ္ဍပ်ပေါ်မှ ဆင်းသွားကြသည်။ ကျနော်လည်း သူတို့နဲ့အတူ
လိုက်ဆင်းသည်။ ခြံထဲရောက်တော့ ပပဝတီတို့၊ မယ်ချိုသာတို့ကို တွေ့နေရသေးသည်။ သူတို့နားမှာ
ကိုဧကိုလည်း ရှိနေသည်။
ကျနော်က ပပကို လက်ပြလိုက်သည်။ ပပက မမြင်။
ချိုသာနား ကပ်ပြီး
“ဟဲ့…မပြန်သေးဘူးလား…မဏ္ဍပ်သိမ်းနေပြီ” လို့
စ လိုက်ပေမယ့် ချိုသာလည်း စကားပြန်မလာ။
ကျနော် ပြန်စဉ်းစားမိသည်။ ငါတစ်ခုခုများ
ဖြစ်နေပြီလား။ ငါ့ကို သူတို့တွေ မြင်ရောမြင်ကြရဲ့ လား။ ငါပြောတာတွေကိုရော သူတို့ကြားမှ
ကြားကြရဲ့ လား။ ကျနော် ပြန်တွေးကြည့်မိသည်။ အဲ့ဒီတော့မှ ခုဏက ကားလမ်းဖြတ်ကူးတုန်း ဝုန်းကနဲဆိုပြီး
ကားတိုက်ခံလိုက်ရတာ ငါများဖြစ်နေမလားဆိုပြီး တုန်လှုပ်သွားမိသည်။ တကယ်လို့များ ဖြစ်နေခဲ့ရင်
ငါအခု သေသွားပြီလား။ ဒါဆို ငါ သရဲပေါ့။ ဒါ ငါ့ရဲ့  ဝိညာဉ်ပေါ့။
ကျနော် ခုဏကနေရာကို ပြန်ပြေးကြည့်မိသည်။
လူတွေက ဝိုင်းအုံနေကြသည်။ ကျနော် တိုးဝေ့ကြည့်လိုက်တော့
ဟင်…ဟိုမှာ သွေးအိုင်ထဲ လဲနေတာ ငါ…ငါ..ငါပါလား။
ဘေးမှာလည်း ရဲတွေရောက်နေကြသည်။ ဇာနည်ထက်တို့လည်း
အားလုံးရှိနေကြသည်။ တုံတုံက တဟင်းဟင်းနဲ့ ငိုနေသည်။
သြော်…ဒါဖြင့် ငါ သေသွားခဲ့ပြီကိုး။ ငါသေသူ
ဖြစ်နေပြီပေါ့။
ကျနော် ဘယ်သူ့ကိုမှလည်း ပြောလို့မရ။ ထိလို့မရ။
ကိုင်လို့မရ။ ကျနော့်အဖြစ်က ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း ဝမ်းနည်းစွာ ငိုကြွေးရတော့မည်။
ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ် တစ်ခြားစီ ဖြစ်နေခဲ့ပြီ။
ငါ မသေချင်သေးဘူး။ ငါ မသေချင်သေးဘူး။
ကျနော် မသေချင်သေးတာ အမှန်ဖြစ်သည်။ ဒီအချိန်မှာ
ကျနော် သေလျှင် နတ်လည်းဖြစ်မှာ မဟုတ်။ လူလည်း ပြန်ဖြစ်ချင်မှ ဖြစ်မည်။ နိဗ္ဗာန်ရောက်ဖို့က
ဝေးရော။ ဒီတော့ ကျနော် လုပ်စရာတွေ ကျန်သေးသည်။ ကျနော့်မှာ တာဝန်တွေကျန်သေးသည်။ ကျနော့်
အတွက် ဘဝရဲ့ တန်ဖိုးဆိုတာတွေကို လုပ်ရဦးမည်။ ရှာရဦးမည်။ ကျနော် မသေချင်သေးပါ။
ကျနော့် အသံကြောင့် သူတို့တွေ ပြုံးလာကြသည်။
ကျနော် အသိနဲ့ သတိယှဉ်မိပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျနော့်ဘေးတွင် အမေ့ကို ဦးစွာတွေ့လိုက်ရသည်။
ပြီးတော့ ဇာနည်ထက်နဲ့ တုံတုံ။ ဆန်းထွန်းလည်း ရှိသည်။ ဝါဝါ့ကိုလည်း ကျနော့်အမေနားမှာ
တွေ့ရသည်။
ခဏလေးအတွင်းမှာပဲ အဖေက ဆရာဝန်တစ်ယောက်ခေါ်လာပြီး
ကျနော့်ကုတင်နားရောက်လာသည်။
“သား…သတိပြန်ရလာပြီ…” အဖေကဝမ်းသာအားရပြောလိုက်သည်။
“ကျနော်…ကျနော် မသေဘူးပေါ့နော်…”
“မသေပါဘူးသားရယ်…အမေ့သားလေး မသေပါဘူး…အမေဒီနားမှာထိုင်ပြီး
သားလေးအတွက် ဆုတောင်းပေးနေခဲ့တာ…”
“ဒါဆို ရိန်းရော…သူ ကျနော့်ကို အထင်လွဲသွားပြီ…ကိုထက်
ဝါကြီး နင်တို့သားတွေရော…” လို့ကျနော်က စိတ်ပူပြီး မေးတော့
“ဘယ်ကသားလဲကွ…ငါတို့ ယူတောင် မယူရသေးဘူး”
ဟုကိုထက်က ပြန်ဖြေသည်။
“အေးလေ…ငါ့သား မောင်ဘုန်းက အိမ်မှာ သူ့အဘွား
ထမင်းခွံ့ကျွေးတာ စားပြီး ဆော့ကျန်ခဲ့တယ်…ငါက နင်သတိမရသေးဘူးဆိုလို့ စိတ်ပူပြီး လာစောင့်နေတာ”
“ဟင်…ဒီနေ့ သင်္ကြန်အတက်နေ့ မဟုတ်ဘူးလား…ငါ..ရိန်းနောက်ကို
ပြေးလိုက်ရင်း ကားတိုက်ခံရတာ မဟုတ်ဘူးလား”
ကျနော့်စကားကြောင့် သူတို့ဝိုင်းရယ်ကြသည်။
ပြီးမှ အမေက
“သား…ဇာနည်ထက်တို့ အိမ်အပေါ်ထပ်လှေကားကနေ
ချော်လဲကျပြီး သတိလစ်နေတာ ၂ရက်လောက် ရှိသွားပြီ…အမေတို့ အားလုံး စိတ်ပူနေကြတာ…သား ဦးနှောက်ကိုထိခိုက်မိပြီး
တစ်ခုခုဖြစ်သွားမှာစိုးရိမ်နေကြတာ”
“ဗျာ….”
“မဗျာနဲ့ မင်း ငါ့အိမ်မှာ အလှူရှိလို့လာကူလုပ်ပေးရင်း
အပေါ်ထပ်ကနေ ပြုတ်ကျတာ…အိမ်ကလူတွေလည်း စိတ်မကောင်းဖြစ်နေကြတယ်။ ငါလည်း အရမ်းလန့်သွားတာ။
မင်းက ၂ရက်လောက် သတိလစ်နေတော့…”
“ဒါဆို ငါ အိပ်မက်တွေ မက်နေတာပေါ့”
သူတို့တွေရယ်လိုက်ကြသည်။ သူတို့လည်း အခုမှပဲ
ရယ်မောနိုင်ကြတော့သည်။
“မင်းက ရိန်းကိုပါ စွဲလန်းနေတာကိုး…ဟိုကောင်က
စလုံးမှာ မင်းကိုတောင် မှတ်မိမှာ မဟုတ်ဘူး”
ကိုထက်က အထက်ပါအတိုင်း ပြောလိုက်မှ ကျနော်လည်း
ကိုယ်မက်ခဲ့သော သင်္ကြန်အိပ်မက်ရှည်ကြီး အကြောင်း ပြန်တွေးရင်း ပြုံးလိုက်မိပါတော့သည်။
ထိုစဉ်…ကျနော့်ကို စမ်းသပ်ရန် အနားမှာရှိနေတဲ့ ဆရာဝန်မလေးကို ကြည့်မိလိုက်သည်။
“ဟင်…မယ်ချိုသာ…”
“ကျမနာမည် မယ်ချိုသာ မဟုတ်ပါဘူး။ ဒေါက်တာမေသင်္ကြန်ပါရှင်”
ဆရာဝန်မလေးရဲ့  ညင်သာပျော့ပျောင်းသော လက်ကလေးများဖြင့်
ကျနော့်နဖူးကို စမ်းသပ်လိုက်သောအခါ ကျနော့်
ရင်တွေသည် ဘာကြောင့်မှန်းမသိ တဒိတ်ဒိတ်နဲ့ ခုန်နေတော့သည်။
ရင်ခုန်ရင် အချစ်လား သင်္ကြန်ရယ်။
ရင်ခုန်ရင် အချစ်တဲ့လားကွယ်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြီးပါပြီ။
ကျေးဇူးတင်ပါသည်။
အပါ
၁၃-၂-၂၀၁၂